ကျွန်ုပ်တို့အကြောင်း

ကျွန်တော်တို့ရဲ့ MRVT College ဟာဆိုရင်ဖြင့် 2022 ခုနှစ် ဖေဖော်ဝါရီလတွင် စတင်တည်ထောင်ခဲ့ပြီး တည်ထောင်သူများမှာ Dr.အေးမင်းထွန်း နှင့် ဦးဇော်မျိုးဆန်းတို့ဖြစ်ပါတယ်။

MRVT College ဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်မှာ

မြန်မာနိုင်ငံတွင်ပညာရေးတပိုင်းတစနဲ့ရပ်တန့်နေသော လူငယ်များကို ငွေကြေးအကုန်အကျနည်းနည်းဖြင့် ကျွန်ုပ်တို့နဲ့တရားဝင်ချိတ်ဆက်ထားသော ထိုင်းနိုင်ငံရှိ Universityများ တွင် ​‌ကျောင်းသူကျောင်းသား တို့၏ ပညာရေးကိုဆက်လက်တက်ရောက်သင်​ကြားနိုင်​စေပြီး ပညာတတ်လူငယ်များပေါ်ထွန်းစေရန်ဖြစ်ခြင်း၊ ထိုင်းနိုင်ငံရှိ Rajapruk University နှင့် North Bangkok University တို့နှင့် တိုက်ရိုက်တရားဝင်အသိအမှတ်ပြုချိတ်ဆက်ထားကာ ပညာရေးအပြင်အလုပ်အကိုင်အခွင့်အလမ်းများပါ ပိုမိုရရှိလာစေရန်ဖြစ်ခြင်း၊ လမ်းပျောက်နေသော လူငယ်များအတွက် လမ်းသစ်တခုကိုဖန်တီးယူဆောင်လာပေးသည့်ရွှေရောင်အခွင့်အလမ်းသစ်တရပ်အဖြစ်တည်ရှိနေခြင်းတို့ဖြစ်ပါသည်။

ကျွန်တော်တို့ရဲ့ MRVT College မှာဆိုရင်ဖြင့်

Vocational Diploma in Nurse Aide

Diploma in Business Management

Diploma in Hospitality and Tourism Management

Diploma in Accounting နှင့်

University Foundation Programms များဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။

ထို့အ​ပြင် Extra Course များဖြစ်သည့် First Aide & Water Safety Course, Infection Control and Counseling Course အစရှိသည့်သင်တန်းများကိုလည်း ထပ်မံဖြည့်စွက်ကာ သင်တန်းကြေးသက်သာစွာဖြင့် အထူးလေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။

ကျွန်တော်တို့ရဲ့ MRVT College မှာဆိုရင်ဖြင့် ထူးချွန်ထက်မြက်သောကျောင်းသူကျောင်းသားလေးများအတွက် Local Scholarship Programme နှင့် Abroad Scholarship Programme စသည့် ကျောင်းသူကျောင်းသားတို့၏ ပညာရေးကိုပိုမိုအထောက်အကူပြုစေရန်ရည်ရွယ်ပြီး အခွင့်အလမ်းများကိုလည်းဖန်တီးပေးလျက်ရှိပါသည်။

ကျွန်တော်တို့ရဲ့ MRVT College ဟာဆိုရင်ဖြင့် လူငယ်တွေအတွက်ဆန်းသစ်မှုများနှင့်အတူ ထူးခြားတဲ့ ပညာရေးနှင့်အလုပ်အကိုင်ပေါင်းစပ်အခွင့်အလမ်းတွေမြောက်မြားစွာကို ဖန်တီးပေးနေခြင်းဖြစ်ပြီး လမ်းပျောက်နေတဲ့လူငယ်တိုင်းရဲ့ ရှေ့ဆောင်လမ်းပြမီးတိုက်တစ်ခုအနေနှင့်
အမြဲရပ်တည်ကာ တည်ရှိနေပါသည်။

ဆက်သွယ်ရန်

လိပ်စာ

အမှတ် 147 A ၊ မင်္ဂလာလမ်း၊ ၁၃ ရပ်ကွပ်၊
တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း

09-792297287, 09-792297453

အီးမေးလ်

info@mrvtcollege.com