ထိုင်းမှာ‌ဘွဲ့ရဖို့အဓိကလား ? အလုပ်ရဖို့အဓိကလား ? ဘွဲ့ရပြီးအလုပ်မရရင်ရောဘယ်လိုလုပ်မှာလဲ ?

ထိုင်းမှာဘွဲ့ရပြီးအလုပ်မရဖြစ်မှာကိုစိတ်ပူနေတဲ့သူတွေအတွက်ရွေးချယ်သင့်တဲ့လမ်းကြောင်းလေးတွေကို Sharing လုပ်ပေးသွားမှာပဲဖြစ်ပါတယ်။
ပထမဆုံး ထိုင်းမှာဘွဲ့ရပြီး အလုပ်ရဖို့အတွက်ဆို ကိုယ်ရွေးချယ်တက်ရောက်တဲ့ University နဲ့အ‌များကြီး သက်ဆိုင်ပါတယ်။
ဆိုတော့ ထိုင်းမှာ University ကိုဘယ်လိုမျိုးရွေးချယ်ကြမလဲ?

အိမ်ကနေလုံးဝထောက်ပံ့နိုင်တဲ့သူတွေအတွက်က ထိုင်းနိုင်ငံရဲ့ တကယ့်နာမည်အကြီးဆုံး University တွေမှာတက်ပြီး ဘွဲ့ရပြီးတာနဲ့အလုပ်အကိုင်ကောင်းတွေကိုအဆင်သင့်ရနိုင်ဖို့အခွင့်အလမ်းများပေမယ့် အိမ်ကနေအများကြီးမထောက်ပံ့နိုင်တဲ့သူတွေအတွက်ကရော ဘယ်လို University မျိုးကိုရွေးချယ်သင့်လဲ?

အဓိကက

  • University တက်ဖို့အတွက် ကုန်ကျစရိတ်သက်သာရမယ်။
  • ကျောင်းတက်နေရင်းအချိန်ပိုင်းအလုပ်ရမယ်။
  • ကျောင်းပြီးသွားရင် ထိုင်းနိုင်ငံ နှင့် နိုင်ငံတကာမှာသွားရောက်လုပ်ကိုင်လို့ရတဲ့ Bachelor ဘွဲ့တစ်ခုရမယ်။
  • ဘွဲ့ရပြီးသွားရင်လည်း ကျောင်းကနေတစ်ခါတည်းအလုပ်ချိတ်ဆက်ပေးထားမယ်။
  • အဲ့ဒီလို University မျိုးကို အကောင်းဆုံးရွေးချယ်တက်ရောက်သင့်ပါတယ်။

နောက်တစ်ခုက ထိုင်းဘာသာစကား

ထိုင်းမှာ ဘွဲ့ရပြီးအလုပ်ရဖို့အတွက်ဆို English Language အပြင်သူတို့ဘာသာစကားကိုကျွမ်းကျင်နေမှအခွင့်အလမ်းပိုများပါတယ် ။
ပြီးတော့ ထိုင်းနိုင်ငံမှာ International Program ( English Program) တွေကိုတက်တဲ့သူတွေထက်စာရင် Eng + Thai Language နဲ့တက်တဲ့ သူတွေက ကျောင်းတက်နေရင်းရော ၊ ကျောင်းပြီးသွား‌ရင်ပါ အလုပ်ရဖို့အခွင့်အလမ်းပိုများပါတယ်။
နောက်ပိုင်း ထိုင်းနိုင်ငံမှာ ASEAN ကျောင်းသားတွေအတွက် Thai + Eng Language Program နဲ့တက်လို့ရတဲ့ University တွေလည်းရှိလာပါပြီ။

Thai + English Program ရဲ့ အားသာချက်

  • University တက်ဖို့အတွက် IELTS နှင့် ဝင်ခွင့်ဖြေစရာမလိုဘူး ။
  • Thai + Eng Program ဖြစ်တဲ့အတွက် ကျောင်းတက်နေရင်း အချိန်ပိုင်းလုပ်လို့ရတယ် ။
  • ကျောင်းလခကိုလည်း အလုပ်လုပ်ရင်း တစ်လချင်းစီခွဲသွင်းလို့ရတယ် ။
  • ထိုင်းကျောင်းသား၊ ASEAN ကျောင်းသားတွေနဲ့ တန်းတူတက်ရမယ် ။
  • ကျောင်းစတက်ကတည်းကနေ ဘွဲ့ရတဲ့အထိအလုပ်ရဖို့အတွက်စိတ်ပူစရာမလို‌တော့ဘူး ။

လက်ရှိ MRVT College နဲ့ချိတ်ဆက်ထားတဲ့ Thonburi University ဟာဆိုရင်လည်း Thai + Eng language Program နဲ့တက်လို့ရတဲ့ University တွေထဲကတစ်ခုပဲဖြစ်ပါတယ်။

Contact Us

Address

No-147(A), 13Qtr, Mingalar road,
South Oakalapa, Yangon.

Phone

09-792297287, 09-792297453

Email

info@mrvtcollege.com